သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းများအတွက် စီမံကိန်းဘုတ်အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်
(၂၂-၉-၂၀၁၇)ရက်နေ့ (ဝ၉:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံရှိ သဘာဝထိန်းသိမ်းရေးနယ်မြေများ စီမံအုပ်ချုပ်မှု မြှင့်တင်ခြင်းလုပ်ငန်းစီမံကိန်းများအတွက် စီမံကိန်းဘုတ်အဖွဲ့၏ ဒုတိယအကြိမ်အစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများ၊ UNDP,WCS မှတာဝန်ရှိသူများနှင့် စီမံကိန်းဘုတ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး လက်ရှိစီမံကိန်းပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ကြပါသည်…