သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနား

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဖွင့်လှစ်သည့် သစ်မျိုးသန့် ပြန့်ပွားရေးသင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၁၃-၁၀-၂၀၁၇ ရက်နေ့၊ (၁၅း၃၀)နာရီအချိန် တွင် သစ်တောသုတေသန၊ ရေဆင်း(စုဝေးခန်းမ)တွင် ကျင်းပပြုလုပ်ပါသည်။ အခမ်းအနားတွင် သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးဇော်မင်း(စီမံခန့်ခွဲရေး)က သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းမှာ မြန်မာ့သစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း၏ အရေးကြီးသောလုပ်ငန်းစဉ် တစ်ခုဖြစ်ပြီး သင်တန်းသားများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် သင်တန်းတစ်ခုဖြစ်ပါသည်။ သင်တန်း အား ၉-၁၀-၂၀၁၇ ရက်နေ့မှ ၁၃-၁၀-၂၀၁၇ ရက်နေ့ထိ (၅)ရက်တာ ကျင်းပခဲ့ပါသည်။