မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးရန်ပုံငွေတည်ထောင်နိုင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား

(၁၉-၁၂-၂၀၁၇)ရက်နေ့ ၌ အမရဟိုတယ်၊ နေပြည်တော်တွင် မြန်မာ့ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးရန်ပုံငွေတည်ထောင်နိုင်ရေး အကြံပြုအလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး)ဦးဇော်မင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများနှင့် အခြားဆက်စပ်ဌာနများမှ အရာရှိများ၊ INGO/NGOs အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UN DP)မှ ကိုယ်စားလှယ်များ၊ ကျွမ်းကျင်ပညာရှင်များနှင့် အခြားဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။