အီတလီနိုင်ငံအခြေစိုက် Istituto Oikos ၏ Leonardo Gucli(Country Representative) ဦးဆောင်သည့်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံ

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၃:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ အီတလီနိုင်ငံအခြေစိုက် Istituto Oikos ၏ Leonardo Gucli(Country Representative) ဦးဆောင်သည့်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား လာရောက်တွေ့ဆုံ၍ လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်ရှိ Visitor Center နှင့် ဆက်စပ်ပစ္စည်းများအား စီမံခန့်ခွဲမှုဆိုင်ရာ သတောတူညီချက်နှင့် မြန်မာနိုင်ငံတွင် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးစီမံကိန်း၏ လုပ်ငန်းစီမံချက်(၂၀၁၇-၂၀၂၀) ၊ မကြုံဂလက် ဒေသခံပြည်သူအခြေပြုခရီးသွားလုပ်ငန်းစီမံကိန်း၊ မလေးဝက်ဝံမျိုးစိန်ထိန်းသိမ်းရေးလုပ်ငန်းစီမံကိန်း၊ Community Forestry လုပ်ငန်းများဆိုင်ရာ DAFNE စီမံကိန်းနှင့် လန်ပိအဏ္ဏဝါ အမျိုးသားဥယျာဉ်အား ကမ္ဘာ့အမွေအနှစ်အဖြစ် အမည်စာရင်းတင်သွင်းနိုင်ရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်….