သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာနိုင်ငံ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့တွေ့ဆုံ

(၇-၁၁-၂၀၁၇)ရက်နေ့ (၁၆:ဝ၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် မြန်မာနိုင်ငံ FAO ကိုယ်စားလှယ် Ms. Xiaojie Fan တို့တွေ့ဆုံ၍ သစ်တောဦးစီးဌာနနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့အကြား FLEGT-VPA လုပ်ငန်းစဉ်များပူးပေါင်းဆောင်ရွက်ရန် Government Cooperative Program on FLEGTဆိုင်ရာ သဘောတူညီချက်(Project Agreement) လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိ၇သည်။