သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Xavier SORBA နှင့်အဖွဲ့များအားတွေ့ဆုံ

(၁၀-၁၁-၂၀၁၇)ရက်နေ့ နံနက်(ဝ၉:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်နှင့် တာဝန်ရှိသူများအား Xavier SORBA နှင့်အဖွဲ့များအားတွေ့ဆုံ၍ (Scale စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် သစ်တောဦးစီးဌာနနှင့် သဘောထားမှတ်ချက်တောင်းခံခြင်း၊ စီမံကိန်း၏ အားနည်းချက်များအပေါ် ပူပေါင်းညှိနှိုင်းအကောင်အထည်ဖော်နိုင်မည့် နည်းလမ်းများအား ဆွေးနွေးအဖြေရှင်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်းသိရှိရသည်။