အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း စဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး

အမျိုးသားမြေအသုံးချမှုကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်း စဉ်များ စုပေါင်းဖော်ထုတ်နိုင်ရေးအတွက် ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၁၈-၇-၂၀၁၈)ရက်နေ့ ၊ နံနက်(ဝ၉:ဝဝ)နာရီ၌ သစ်တောဦ:စီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူးသယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးအုန်းဝင်း တက်ရောက် ၍ အမှာစကား ပြောကြားပါသည်။
အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး-မွေးမြုရေးနှင့် ဆည်မြောင်းဝန် ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်း နှင့် ဘဏ္ဍဍရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပါသည်။