(၁၅)ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၇-၈-၂၀၁၈)ရက်နေ့ နံနက်(၉:ဝ၀)နာရီအချိန်တွင် (၁၅)ကြိမ်မြောက် CFNWG အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် CFNWG ဥက္ကဌ  ဦးကျော်ကျော်လွင်မှ အဖွင့်အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးသို့ ဆက်စပ်ဝန်ကြီးဌာန၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သောအဖွဲ့အစည်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ တက်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခြင်းနှင့် အထွေထွေဆွေးနွေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြပါသည်….