မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး (4th OneMap Myanmar Technical Steering Committee Meeting)

မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး (4th OneMap Myanmar Technical Steering Committee Meeting) အား သစ်တောဦးစီး ဌာန၊ ညှွန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ၃-၉-၂၀၁၈ ရက်နေ့၊ ၁၃:ဝ၀ နာရီတွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန) တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အစည်းအဝေးသို့ မြန်မာအမျိုးသား မြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ဆက်စပ်ဌာနများမှ အကြီးအကဲများ၊ စီမံကိန်း အကောင်အထည်ဖော်ရေးလုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များ၊ နည်းပညာပိုင်းဆိုင် ရာ အကူအညီပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ၊ ဘန်းတက္ကသိုလ် (University of Bern)၊ Center for Development and Environment မှ တာဝန်ရှိသူများ၊ ဒေသခံ မိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် Land Core Group မှ တာဝန်ရှိသူများနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာအမျိုးသား မြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှု ကော်မတီကို မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းနိုင်ရေး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ မြန်မာအမျိုးသား မြေပုံစနစ် (OneMap Myanmar) စီမံကိန်းဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

date: 
Tuesday, September 4, 2018 - 09:30