တောင်သာမြို့နယ်အစပ် လက်ပံခြေပေါ်ဘိနယ်အတွင်း တရားမဝင် သစ်ယာ/အင်ကြင်း/အင်ခွဲသားများ ဖမ်းဆီးရမ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၇၉.၄၉၆၂)တန်၊ သစ်မာ(၉၂.၆၂၀၅) တန်၊ အခြား(၃၀၅.၅၉၆၇)တန်၊ စုစုပေါင်း(၄၇၇.၇၁၃၄)တန်၊ တရားခံ(၆၆)ဦး၊ ယာဉ်/ယန္တရား(၄၄)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၈-၈-၂၀၁၈ ရက်နေ့၌ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းစပ်၊ ပခုက္ကူမြို့နယ်နှင့် တောင်သာမြို့နယ်အစပ် လက်ပံခြေပေါ်ဘိနယ်အတွင်း တရားမဝင် သစ်ယာ/ အင်ကြင်း/ အင်ခွဲသား(၈၄၃)ချောင်း (၄၆.၀၆၀၈)တန်၊ ရေယာဉ် (၂)စီး၊ တရားခံ(၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

date: 
Tuesday, September 4, 2018 - 14:00