ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေ(မူကြမ်း) ရေးဆွဲရေး အကြံပြုဆွေးနွေးပွဲ

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအား ၂၀၁၈ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။  သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေကြမ်းအား နည်းဥပ ဒေမူကြမ်းပြုစုရေးကော်မတီကို ဖွဲ့စည်း၍ ရေးဆွဲလျက် ရှိပါသည်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံ၏  အထောက်အပံ့ဖြင့်  ပြည်ထောင်  စုတရားလွှတ်တော်ချုပ်မှ (အငြိမ်းစား) ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းအား နည်းဥပဒေ ကြမ်း အကြံပေးအဖြစ် ငှားရမ်းထားပါသည်။ နည်းဥပဒေကြမ်းရေးဆွဲခြင်းလုပ်ငန်းများကို WCS၊ WWF၊ Fauna & Flora International (FFI)၊ UNDP၊ UNESCO၊ Land Core Group စသည့် အဖွဲ့အစည်းများ မှ ကူညီပံ့ပိုးလျက် ရှိပါသည်။

      နည်းဥပဒေကြမ်းအပေါ် အကြံပြုဆွေးနွေးပွဲများကို အောက်ပါအတိုင်းပြုလုပ် ထားပြီး ဖြစ်ပါသည်-

(က)     ၁၄-၈-၂၀၁၈ ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဒေသခံပြည် သူ (၂၇) ဦး၊ လူမူအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၃၉) ဦး၊ အစိုးရဌာနအဖွဲ့ အစည်းများမှ ကိုယ်စားလှယ် (၅၉) ဦး၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၄၇) ဦး၊ စုစုပေါင်း (၁၇၂) ဦးတက်ရောက်ပါသည်။

(ခ)       ၂၁-၈-၂၀၁၈ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၉) ဦး၊ လူမူအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၈) ဦး၊ အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၆၅) ဦး၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၇၁) ဦး၊ စုစုပေါင်း (၁၆၂) ဦး တက်ရောက် ပါသည်။

(ဂ)       ၂၈-၈-၂၀၁၈ ရက်နေ့၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် (၁၇) ဦး၊ အစိုးရဌာနအဖွဲ့အစည်းများမှ ကိုယ်စား လှယ် (၇၇) ဦး၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၇၅) ဦး၊ စုစုပေါင်း (၁၆၇) ဦး တက် ရောက်ပါသည်။ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ ကိုယ်စားလှယ်များဖြင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

            (ဃ)     (၃၁-၈-၂၀၁၈)ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးမြို့၌ ပြည်နယ်အစိုးရ အဖွဲ့ဝင် (၆)ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၁) ဦး၊ အစိုးရဌာန ဆိုင်ရာဝန်ထမ်း (၄၂)ဦး၊ လူမှုအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်(၁၂၇) ဦး၊ စုစုပေါင်း(၁၈၆)ဦး တက်ရောက် ခဲ့ပါသည်။

      ဆက်စပ်ဌာနများဖြစ်သည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီး ဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာ၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့သို့ နည်းဥပဒေ မူကြမ်းအားပေးပို့၍ အကြံပြုချက်များ၊ သုံးသပ်ဖြည့်စွက်ချက်များ တောင်းခံ ထားပါသည်။  သစ်တောဦးစီးဌာနအောက်ရှိ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ် သစ်တောဦးစီးဌာနများနှင့် ဥယျာဉ်/ဘေးမဲ့တောများသို့ နည်းဥပဒေမူကြမ်းအား ပေးပို့၍ အကြံပြုချက်များ၊ သုံးသပ်ဖြည့်စွက်ချက်များ တောင်းခံထားပါသည်။

သစ်တောဦးစီးဌာန၏ ဝက်ဘ်ဆိုဒ်တွင် နည်းဥပဒေကြမ်းအား တင်ထားပြီး အကြံပြု သုံးသပ်ချက်များရယူလျက် ရှိပါသည်

        နည်းဥပဒေကြမ်းရေးဆွဲခြင်းနှင့်ပတ်သက်၍ အောက်ပါတို့ကို ဆက်လက်ဆောင်ရွက် မည် ဖြစ်ပါသည်-

(က)     ရရှိသည့် အကြံပြုချက်များ၊ သုံးသပ်ဖြည့်စွက်ချက်များအပေါ် အခြေခံ၍ နည်းဥပဒေကြမ်းကိုပြင်ဆင်သည့် အလုပ်ရုံဆွေးနွေးပွဲ                   ကျင်းပခြင်း၊ ( စက်တင် ဘာလ)

(ခ)       ပြင်ဆင်ထားသည့် နည်းဥပဒေကြမ်းအား သုံးသပ်ရန်အတွက် ကျွမ်းကျင်သူ များစကားဝိုင်းဆွေးနွေးပွဲ(၂) ကြိမ် ပြုလုပ်ခြင်း၊                    (စက်တင်ဘာ)

(ဂ)       ဥပဒေအကြံပေးဖြင့် နည်းဥပဒေကြမ်းအား ဥပဒေကြောင်းအရ မှန်ကန်မှု ရှိစေရန် ပြင်ဆင်ခြင်း၊ (စက်တင်ဘာ)

(ဃ)     အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲပြုလုပ်၍ နောက်ဆုံးမူကြမ်းအား ဆွေးနွေးအတည်ပြုခြင်း၊ (အောက်တိုဘာ)

(င)       နည်းဥပဒေနောက်ဆုံးမူကြမ်းအား သစ်တောဦးစီးဌာနမှ ပြည်ထောင်စုရှေ့နေ ချုပ်ရုံးသို့ ပေးပို့၍ စိစစ်ခြင်း၊ အတည်ပြုထုတ်ပြန်နိုင်             ရန် အထက်အဆင့်သို့ တင်ပြခြင်း၊ (အောက်တိုဘာ-နိုဝင်ဘာ)

 

 

date: 
Thursday, September 6, 2018 - 15:30