နေပြည်တော်ကောင်စီနယ်မြေနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၁၁၁.၀၉၆၉)တန်၊ သစ်မာ(၇၇.၄၈၁၉) တန်၊ အခြား(၁၁၆.၁၇၄၉)တန်၊ စုစုပေါင်း(၃၀၄.၇၅၃၇)တန်၊ တရားခံ(၄၆)ဦး၊ ယာဉ်/ယန္တရား (၄၆)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၄-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းဘိနယ်အတွင်း တရားမဝင်ကျွန်းသစ်(၃၂၇)လုံး (၄၄.၃၈၈၀)တန်၊ လုံးပတ် ၃ပေအောက်ကျွန်း (၁၇၆)လုံး (၁၅.၈၄၂၀)တန်၊ တရားခံ(၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပါသည်။

 

date: 
Monday, September 10, 2018 - 15:00