သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းသို့ တောကြပ်အကြိုလုပ်ငန်းခွင်သင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသားများလာရောက်လေ့လာ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသအဆင့် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း (AFoCO RETC) တွင် ၂၀၁၈ ခုနှစ်မှ စတင်၍ လေ့ကျင့်ပညာပေးသင်တန်း အစီအစဉ်များ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။  ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၅-၉-၂၀၁၈ ရက်နေ့၌ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန၊ မှော်ဘီတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် တောကြပ်အကြိုလုပ်ငန်းခွင် သင်တန်းအမှတ်စဉ်(၁၂)မှ သင်တန်းသား(၅၀)ဦးသည် AFoCO RETC သင်တန်းကျောင်းသို့ လာရောက်လေ့လာခဲ့ပါသည်။ အဆိုပါလေ့လာရေးခရီးစဉ်အတွင်း AFoCO RETC သင်တန်းကျောင်း၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများကိုAFoCO RETC သင်တန်းကျောင်းမှ  ဦးစီးအရာရှိ ဒေါ်အိစန္ဒီဆက် က ဗီဒီယိုမှတ်တမ်းများဖြင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။  ထို့နောက်  AFoCO RETC သင်တန်းကျောင်း၏စာသင်ခန်းများ၊ အစည်အဝေးခန်းများ၊ ထမင်းစားခန်း၊ အိပ်ဆောင်များ၊ လက်တွေ့ခန်း၊ ဓာတ်ခွဲခန်း၊ ကွန်ပျူတာခန်း၊ အားကစားခန်း၊ ပြခန်းများအတွင်း သင်တန်းသားများ လှည့်လည့်ကြည့်ရှုလေ့လာရာတွင် သင်တန်းကျောင်းမှ တာဝန်ရှိသူ ဝန်ထမ်းများက စနစ်တကျ လိုက်လံရှင်းလင်းပြသပေးခဲ့ကြပြီး၊ အုပ်စုလိုက် အမှတ်တရ ဓာတ်ပုံများရိုက်ခဲ့ကြပါသည်။

           

 

date: 
Tuesday, September 11, 2018 - 10:15