(၂/၂၀၁၈) ကြိမ်မြောက် နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုအား ဥပဒေအရ ထိရောက်စွာတားဆီးရေး လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပပြုလုပ်

(၂/၂၀၁၈) ကြိမ်မြောက် နိုင်ငံအဆင့်တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ တရားမဝင် ကူးသန်းရောင်းဝယ်မှုအား ဥပဒေအရ ထိရောက်စွာတားဆီးရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၁၂-၉-၂၀၁၈ ရက်နေ့၊ နံနက် (၉:၃၀)နာရီ၌ သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။အစည်းအဝေးသို့ သစ်တောဦးစီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးများ၊ သစ်တောဦးစီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးများ၊ WWF နှင့် WCS တို့မှ တာဝန်ခံများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။

date: 
Wednesday, September 12, 2018 - 15:00