နေပြည်တော်ကောင်စီနယ်မြေနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့အတွင်း တရားမဝင်ကျွန်း/ သစ်မာ/ အခြား ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၀၀.၅၈၀၂)တန်၊ သစ်မာ(၄၃.၉၇၆၂) တန်၊ အခြား(၅၇.၆၇၇၆)တန်၊ စုစုပေါင်း(၂၀၂.၂၃၄၀)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား (၃၄)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၁၀-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း  တိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ ကျွန်းတောရွာအနီးတွင် တရားမဝင် ကျွန်းသစ်/ခွဲသား(၁၇၀)လုံး/ချောင်း (၂၅.၂၅၇၄)တန်၊ အင်ဂျင်(၃)လုံး၊ လွှဝိုင်း (၃)ဝိုင်းနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပါကြောင်း။

date: 
Tuesday, September 18, 2018 - 10:15