တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli နှင့်အဖွဲ့ သစ်တောသုတေသနသို့ လာရောက်လေ့လာခြင်း

၁၇- ၉-၂၀၁၈ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက် (NPC)အမြဲတမ်းကော်မတီ၏ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးအဖွဲ့ဝင် ကိုယ်စားလှယ်ပေါင်း (၃၃)ဦးတို့သည် မြန်မာနိုင်ငံသို့ လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်အတွင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း)သို့ လာရောက်လေ့လာခဲ့ကြပါသည်။

            အဆိုပါ လေ့လာရေးခရီးစဉ်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီတို့ကြား ပူးပေါင်းဆောင်ရွက်လျက်ရှိ သော ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းနှင့် သုတေသနစီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသည့် သုတေသနလုပ်ငန်းများ၊ ဓာတ်ခွဲခန်းများကို လိုက်လံကြည့်ရှုလေ့လာခဲ့ပါသည်။ သစ်တောသုတေသနဌာနနှင့် တရုတ်သိပ္ပံအကယ်ဒမီတို့မှ တာဝန်ရှိသူများ နှစ်ဖက်ပူးပေါင်းဆောင် ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် တိုင်းရင်းဆေး အပင်များနှင့် ဒေသခံတို့၏ ဗဟုသုတများဆိုင်ရာ သုတေသနများ၊ တောရိုင်းတိရစ္ဆာန်မျိုးစုံမျိုးကွဲ နှင့်ထိန်းသိမ်းရေး သုတေသနလုပ်ငန်းများ၊ အပင်မျိုးစုံမျိုးကွဲနှင့် ထိန်းသိမ်းရေးသုတေသန လုပ်ငန်းများ၊ ရေချိုဇီဝမျိုးစုံမျိုးကွဲနှင့် ထိန်းသိမ်းရေးသုတေသနလုပ်ငန်းများနှင့် မျိုးစိတ်အသစ် တွေ့ရှိမှုများအား ကိုယ်စားလှယ်များမှ လေ့လာခဲ့ပါသည်။ ဆက်လက်၍ သစ်တောသုတေသနဌာန တွင် တည်ထောင်ထားရှိသည့် မြန်မာ့လူသုံးနည်း သစ်များဖြင့် ပရိဘောဂများ ထုတ်လုပ်ပြသထား ရှိသည့် ပြခန်းအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပါသည်။           

            ထို့နောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းမှ ဒုတိယဥက္ကဌ H.E Prof. Ding Zhongli အား အမှတ်တရလက်ဆောင် ပစ္စည်းပေးအပ်ပြီးနောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပါသည်။

 

 

date: 
Tuesday, September 18, 2018 - 15:30