ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲလာမှုနှင့်အညီ လိုက်လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်းကနဦးအလုပ်ရုံဆွေးနွေးပွဲ

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုက ရာသီဥတုပြောင်းလဲလာမှုနှင့်အညီ လိုက် လျောညီထွေ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံ အုပ်ချုပ်လုပ်ကိုင်ခြင်း စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ် ခရိုင်၊ မြိတ်မြို့၊ Green Eyes Hotel ၌ ၁၄-၉-၂၀၁၈ ရက်နေ့ (သောကြာနေ့)တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးမြင့်မောင်နှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းမြင့် (စီမံကိန်းညွှန်ကြားရေးမှူး) တို့မှတက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့ပါသည်။

            စီမံကိန်း ကနဦး အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများအား စီမံကိန်းတွင် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များအား အသိပေးရန်နှင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအစိုးရအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသ အာဏာပိုင်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ စုစုပေါင်း (၉၁) ဦး တက်ရောက်ခဲ့ပါသည်။

 

date: 
Thursday, September 20, 2018 - 13:15