အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ် (National Land Use Policy Forum)သို့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားခြင်း

၁။ အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နှင့် ၃ ရက် တို့တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ(၂) (MICC II)၊ နေပြည်တော်တွင် ကျင်းပပြု လုပ်သွားမည် ဖြစ်ပါသည်။
၂။ အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်ကို ကျင်းပ ပြုလုပ်ရခြင်းမှာ ဖိုရမ်သို့ တက်ရောက်လာသည့် အကျိုးသက်ဆိုင်သူများအားလုံးက အမျိုးသားမြေ အသုံးချမှုမူဝါဒကို ပိုမိုနားလည်သဘောပေါက်လာပြီး အမျိုးသားမြေအသုံးချမှုကောင်စီက ဦးစားပေးဆောင်ရွက် သင့်သည့် လုပ်ငန်းများကို အတူတကွ ဆွေးနွေးဖော်ထုတ်နိုင်ရန်အတွက် ဖြစ်ပါသည်။
၃။ ဖိုရမ်ကျင်းပရာတွင် အောက်ပါအစီအစဉ်များ ပါဝင်မည်ဖြစ်ပါသည်-
(က) အမျိုးသားမြေအသုံးချမှုမူဝါဒ အနှစ်ချုပ်ကို ရှင်းလင်းတင်ပြခြင်း၊
(ခ) အမျိုးသားမြေအသုံးချမှုကောင်စီက လက်ရှိဆောင်ရွက်လျက်ရှိသည့် ဦးစားပေးလုပ်ငန်း စဉ်များဖြစ်သည့် လုပ်ငန်းကော်မတီများနှင့် အကြံပေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် မြေအသုံးချမှုကော်မတီများ ဖွဲ့စည်း ခြင်းတို့ကို ရှင်းလင်းတင်ပြခြင်း၊
(ဂ) အမျိုးသားမြေအသုံးချမှုကောင်စီ တာဝန်ရှိသူများကို တက်ရောက်လာသူများမှ သိရှိလို သည်များ ဆွေးနွေးမေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊
(ဃ) ဒေသခံတိုင်းရင်းသားများ၏ ရေရှည်တည်တံ့မှုကို ရှေးရှုသည့် မြေနှင့်သယံဇာတ အရင်း အမြစ်များ စီမံခန့်ခွဲနေမှု နမူနာပုံစံများကို ဒေသခံဌာနေ တိုင်းရင်းသားများကိုယ်တိုင် စုပေါင်းဆွေးနွေးတင်ပြခြင်း၊
(င) မြေယာကဏ္ဍပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရာတွင် ကြုံတွေ့နေရသည့် အကြောင်းအရာ များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများမှ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ အမျိုးသားမြေ အသုံးချမှုကောင်စီအတွက် အကြံပြုတင်ပြခြင်း။
၄။ ကျင်းပမည့် ဖိုရမ်သို့ အမျိုးသားမြေအသုံးချမှုကောင်စီအဖွဲ့ဝင်များ၊ မြေယာစီမံခန့်ခွဲရေးကဏ္ဍ တာဝန်ရှိ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တာဝန်ရှိသူများ၊ ပြည်ထောင်စုလွှတ်တော်၊ ပြည် သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်ရေးရာကော်မတီဝင်များ၊ တိုင်းရင်းသားကိုယ်စား လှယ်များနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ တက်ရောက်ကြမည်ဖြစ်ပြီး မြေယာကဏ္ဍနှင့် ဆက်နွယ်မှုရှိသော အရပ်ဖက်အဖွဲ့အစည်းများ၊ တောင်သူလယ်သမားအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်း (NGOs) များကိုလည်း ဖိတ်ကြားလိုပါသည်။

၅။ ထိုသို့ ဖိတ်ကြားရာတွင် အများဆုံးလက်ခံနိုင်မည့် လူဦးရေမှာ (၆၀)ဦးသာ ဖြစ်ပါသဖြင့် အဆိုပြု ခြင်းနှင့် ဦးစားပေးရွေးချယ်ခြင်းတို့ကို အောက်ပါအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်-
(က) အဆိုပြုခြင်း
(၁) အဆိုပြုခြင်းအား ၂၈-၉-၂၀၁၈ ရက်(သောကြာနေ့)၊ ညနေ(၆)နာရီအချိန် နောက်ဆုံးထား၍ အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်၍ သတ်မှတ်ချက်နှင့်အညီ အဆိုပြုနိုင်ပါသည်-
- သစ်တောဦးစီးဌာန၏ Website
(https://wwww.forestdepartment.gov.mm)
သစ်တောဦးစီးဌာန၏ Facebook Page
(https://wwww.facebook.com/forestdepartment.gov.mm)
(၂) အဆိုပြုရာတွင် အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ်၊ အဖွဲ့အစည်းအမည်၊ ရာထူးတာဝန်၊ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို အပြည့်အစုံဖော်ပြပေး ရပါမည်။
(ခ) ဦးစားပေးရွေးချယ်ခြင်း။ တက်ရောက်ခွင့်ပေးနိုင်သည့် ဦးရေထက် ပိုမိုများပြားနေပါက အောက်ဖော်ပြပါ အခြေခံမူများကို အသုံးပြု၍ ရွေးချယ်သွားမည်ဖြစ်ပါသည်-
(၁) အဆိုပြုသည့် အဖွဲ့အများစု တက်ရောက်နိုင်ရန်အတွက် တစ်ဖွဲ့လျှင် အနည်းဆုံး တစ်ဦး ရွေးချယ်ပါမည်၊
(၂) တစ်ဖွဲ့တည်းမှ လူဦးရေအများအပြား အဆိုပြုလျှောက်ထားလာပါက ရာထူး မြင့်သူနှင့် ဦးစားပေးဖော်ပြထားမှုများအလိုက် ရွေးချယ်ပါမည်၊
(၃) နယ်မြေဒေသအလိုက် စုပေါင်းဖွဲ့စည်းထားသော ကွန်ယက်အဖွဲ့အစည်းဖြစ်ပါက နယ်မြေဒေသကိုယ်စားပြုမှုအပေါ် မူတည်၍ ရွေးချယ်ပါမည်။
၇။ ဖိုရမ်သို့ တက်ရောက်ခွင့်ရရှိသူအား အဆိုပြုလျှောက်ထားလာသည့် အီးမေးလ်သို့ ၃၀-၉-၂၀၁၈ ရက်၊ ညနေ(၆)နာရီအရောက် ဖိတ်ကြားစာကို ပေးပို့သွားမည်ဖြစ်ပါသည်။
၈။ ဖိုရမ်သို့ တက်ရောက်ရန်အတွက် MICC II သို့ ဝင်ရောက်ခွင့်ကဒ်ပြားများကို ၁-၁၀-၂၀၁၈ ရက် နေ့တွင် ရုံးချိန်အတွင်း သစ်တောဦးစီးဌာန၊ ရုံးအမှတ် (၃၉)၊ နေပြည်တော်တွင် လည်းကောင်း၊ ညနေ (၆)နာရီမှ (၈)နာရီအတွင်း နေပြည်တော်၊ Hotel Max၊ နှစ်ထပ်ဆောင် အောက်ထပ်တွင်လည်း ကောင်း ထုတ်ပေးသွားမည်ဖြစ်ပါသည်။
၉။ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ဖိုရမ်အခမ်းအနားတွင် ပြသလိုသည့် အဖွဲ့အစည်းများကို ဖိတ်ခေါ်ခြင်း
ဖိုရမ်အခမ်းအနားကျင်းပမည့် MICC II တွင် အဖွဲ့အစည်းများအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဘုတ်ပြားများဖြင့်ပြသနိုင်ရေး စီစဉ်ပေးမည်ဖြစ်ရာ မိမိအဖွဲ့အစည်း၏ မြေယာဆိုင်ရာ အကြောင်းအရာများ၊ ဓါတ်ပုံများကို ပြသလိုသော အဖွဲ့တစ်ဖွဲ့လျှင် (၈ပေx၄ပေ)အရွယ် ဘုတ်ပြားတစ်ခုစီ ပြသခွင့်ပေးသွားမည်ဖြစ်သဖြင့် ပါဝင်ပြသလိုသော အဖွဲ့အစည်းများအနေဖြင့် ၂၈-၉-၂၀၁၈ ရက် ညနေ (၆)နာရီ နောက်ဆုံးထား၍ အီးမေးလ်လိပ်စာ [email protected] သို့ ပြသလိုသည့် ရည်ရွယ် ချက်များ၊ အကြောင်းအရာအကျဉ်းချုပ်၊ ပြသမည့်ပိုစတာ (Soft Copy)တို့နှင့်အတူ အဆိုပြုပေးပို့နိုင် ပါသည်။ ပြသခွင့်ပြုမည့် အဖွဲ့အစည်းများ၏ အီးမေးလ်များသို့ ၂၉-၉-၂၀၁၈ ရက်၊ ညနေ(၆)နာရီ အရောက် အကြောင်းကြားပေးသွားမည်ဖြစ်ပြီး ပြသမည့် (၈ပေx၄ပေ)အရွယ်အစားရှိ (Venyl)ကားချပ် များကို ၁-၁၀-၂၀၁၈ ရက်၊ နေ့လည် (၁၂)နာရီထက် နောက်မကျစေဘဲ MICC II၊ ဖိုရမ်ကျင်းပမည့် ခန်းမသို့ လာရောက်ပေးပို့ရန်ဖြစ်ပါသည်။
၁၀။ ကျင်းပမည့် ဖိုရမ်နှင့်ပတ်သက်၍ သိရှိလိုသည်များကို အောက်ဖော်ပြပါ ပုဂ္ဂိုလ်များထံသို့ မေးမြန်း စုံစမ်းနိုင်ပါသည်-
(က) ဦးဇော်စိုး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သစ်တောဦးစီးဌာန၊ ဖုန်း- ၀၉၄၅၆၀၉၉၁၄၅
(ခ) ဦးသန်းနိုင်ဝင်း၊ ဦးစီးအရာရှိ၊ သစ်တောဦးစီးဌာန၊ ဖုန်း- ၀၉၄၅၀၂၆၁၅၀၇

ဖိတ်ကြားရေးဆပ်ကော်မတီ
အမျိုးသားမြေအသုံးချမှုမူဝါဒဆိုင်ရာဖိုရမ်

date: 
Monday, September 24, 2018 - 09:00