ပြည်ပနိုင်ငံများသို့သွားရောက်ခဲ့ပြီးပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှအတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်

၂၄-၉-၂၀၁၈ ရက်နေ့၊ နံနက်(၉း၃၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူ းချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့သွား ရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသော ဝန်ထမ်းများမှ အတွေ့အကြုံ ရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အစီအစဉ်အရ ဒေါက်တာ မူမူအောင်(သုတေသနအရာရှိ) သစ်တောသုတေသနဌာနက နီပေါနိုင်ငံတွင်ကျင်းပခဲ့သည့် (၄ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဆေးဝါးထုတ်လုပ်ခြင်းနှင့် သိပ္ပံဇီဝဆေးပညာဆိုင်ရာနှီးနှောဖလှယ်ပွဲ)  တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေး ခြင်း၊ ဦးပြည်ဖြိုးအောင်(တောအုပ်ကြီး) စီမံကိန်းနှင့် စာရင်းအင်းဌာနက နီပေါနိုင်ငံတွင်ကျင်းပသည့် (Regional Training on Synthetiv Aperture Radar for Mapping of Forest Degradation and Deforestation) တက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဒေါက်တာ ယုယအေး (လက်ထောက်ညွှန်ကြားရေးမှူး) သစ်တောသုတေသနဌာနက ကိုးရီးယားနိုင်ငံတွင် ကျင်းပခဲ့သည့် (Coference on Canbon Capture Utilization (CCU)) အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ခဲ့သည့် အတွေ့အကြုံဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။
 
 
date: 
Monday, September 24, 2018 - 15:30