ပဲခူးမြစ်ဝှမ်းဒေသစီမံအုပ်ချုပ်လုပ်ကိုင်မှု စီမံချက်ဆိုင်ရာ ဆွေးနွေးပွဲ

ပဲခူးမြစ်ဝှမ်းဒေသ စီမံအုပ်ချုပ်လုပ်ကိုင်မှုစီမံချက်ဆိုင်ရာဆွေးနွေးပွဲကို ၂၀-၉-၂၀၁၈ တွင် ပဲခူးမြို့ ရွှေဝါထွန်းဟိုတယ်၌ ကျင်းပခဲ့ပါသည်။ အဆိုပါပွဲသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ CSO များ၊ မီဒီယာများ စုစုပေါင်းဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူ ၁၁၀ ခန့် တက်ရောက်ခဲ့ကြပါသည်။ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံရေသုတေသနဌာန (NIVA) တို့ဦးဆောင်၍ အခြားဆက်စပ်ဌာနများဖြစ်ကြသော ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ ပဲခူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် ပဲခူးမြို့ဒေသခံများ၊ လူမှုအဖွဲ့အစည်းများမှ ပဲခူးမြစ်ဝှမ်းဒေသစီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်နှင့် ပတ်သက်၍ ဦးစားပေးအကောင်အထည်ဖော်သင့်သောအချက်များ၊ ထပ်မံဖြည့်စွက်ဆောင်ရွက်သင့်သောအချက်များနှင့် ပဲခူးမြစ်နှင့်ပတ်သက်၍ ကြုံတွေ့နေရသော အခက်အခဲများကို ဖြေရှင်းသင့်သောနည်းလမ်းများဖော်ထုတ်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄:၃၀ တွင် ရုတ်သိမ်းခဲ့ကြပါသည်။

 

date: 
Friday, September 28, 2018 - 15:15