ပြည်သူအခြေပြု သစ်တောလုပ်ငန်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံအုပ်ချုပ်ခြင်းသင်တန်း ၈-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၀-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချလျက်ရှိပါသည်။

ပြည်သူအခြေပြု သစ်တောလုပ်ငန်းနှင့် လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင်သစ်တော စီမံအုပ်ချုပ်ခြင်းသင်တန်း (Landmark Training Course on Community Forest Management for Livelihood and Community Forest Based Enterprise Development)ကို ၈-၁၀-၂၀၁၈ ရက်နေ့မှ ၁၃-၁၀-၂၀၁၈ ရက်နေ့ အထိ ဖွင့်လှစ်ခဲ့ပါသည်။

ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်နှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ သင်တန်းသား/သူ (၂၀)ဦး တက်ရောက်ခဲ့ပြီး RECOFTC မှ သင်တန်းဆရာ(၂)ဦးက သင်တန်းပို့ချခဲ့ပါသည်။

ဤသင်တန်းကို အလားအလာရှိသော စွန့်ဦးလုပ်ငန်းရှင်များ ဖော်ထုတ်နိုင်ရန်၊ စီးပွားဖြစ် လုပ်ငန်းများ တိုးတက်စေရေး ဒေသအထောက်အကူပြု အခြေအနေကို အကဲဖြတ်နိုင်ရန်၊ အလားအလာရှိသော စီးပွားဖြစ်လုပ်ငန်းဆိုင်ရာ အတွေးအမြင်များ၏ လက်ရွေးစင်စာရင်း ပြုစုနိုင်ရေး ပူးပေါင်းဆောင်ရွက်မှုနည်းများ အသုံးပြုနိုင်ရန်၊ စီးပွားဖြစ် လုပ်ငန်းနည်းဗျူ ဟာများနှင့် စီးပွားရေးလုပ်ငန်းစီမံချက်များ ဖော်ထုတ်ခြင်း၏ အရေးပါမှုကို သိရှိနားလည် ရန်၊ လိုက်လျောညီထွေ သင်ယူခြင်းအပါအဝင် စိန်ခေါ်မှုများနှင့် လိုအပ်သော အထောက် အပံ့များကို သိရှိနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပိုချခဲ့ခြင်းဖြစ်ပါသည်။

 

 

 

date: 
Wednesday, October 17, 2018 - 12:45