မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ် ပို့ချ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာနတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် AFoCO Secretariat အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်ရှိ အာရှဒေသ သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ် ပို့ချလျက်ရှိပါသည်။

မီးထိန်းချုပ်သည့် ပုံစံသစ်များ ပေါ်ထွက်လာစေရန်နှင့် ပြည်သူအခြေပြု သစ်တောမီး ထိန်းချုပ်ခြင်း နည်းစနစ်များကို သိရှိနားလည်စေရန်၊ အဖွဲ့ဝင်နိုင်ငံများနှင့် ကိုရီးယား သမ္မတနိုင်ငံတွင် အသုံးပြုနေသည့် သစ်တောမီး စီမံအုပ်ချုပ်ခြင်း နည်းစနစ်များအနက် အကောင်းဆုံး နည်းလမ်းများကို ရရှိစေရန် ရည်ရွယ်လျက် သင်တန်းဖွင့်လှစ်ပို့ချခဲ့ ပါသည်။

သစ်တောမီး ကာကွယ်ထိန်းချုပ်ခြင်းနှင့်ပတ်သက်၍ အစိုးရဝန်ထမ်းများ၏ စွမ်းဆောင် ရည်များကို ပိုမိုအားကောင်းစေပြီး ခေတ်မီတိုးတက်သည့် သစ်တောသိပ္ပံဆိုင်ရာ နည်း ပညာများအပေါ် အခြေခံကာ နည်းလမ်းကောင်းများ ဖော်ထုတ်အသုံးချနိုင်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိခဲ့ပါသည်။

 

date: 
Wednesday, October 31, 2018 - 11:00