တရားမဝင် ကျွန်း၊ သစ်မာ၊ အခြား၊ ကညင်သစ်၊ တရားခံ(၂၇)ဦးနှင့် ယာဉ်/ ယန္တရား(၃၀)စီး ဖမ်းဆီးရမိ

 နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသောစာရင်းများအရ တရားမဝင် ကျွန်း (၇၅.၇၀၆၀)တန်၊ သစ်မာ (၄၅.၇၃၉၅)တန်၊ အခြား(၂၈၁.၁၆၄၃)တန်၊စုစုပေါင်း(၄၀၂.၆၀၉၈)တန်၊တရားခံ(၂၇)ဦး၊ယာဉ်/ယန္တရား(၃၀)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊မဟာမြိုင်ဘိနယ်၊ အောင်ချမ်းသာ-ကြွေသွားလမ်းနေရာတွင် ကညင်သစ် (၂၇)လုံး (၃၃.၅၈၄၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, November 28, 2018 - 11:30