ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေပြင်ဆင်ပြုစုရေးအတွက် ကျွမ်းကျင်သူစကားဝိုင်းဒုတိယအကြိမ်ကျင်းပပြုလုပ်

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ နည်းဥပဒေပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင်သူများ၏ အကြံပြုချက် ပြုချက်များကို ဆွေးနွေးမည့် ကျွမ်းကျင်သူစကားဝိုင်း(၂)ကို နေပြည်တော်ရှိ နွယ်သာကီဟိုတယ် တွင် ၁၅-၁၁-၂၀၁၈ ရက်နေ့မှ ၁၆-၁၁-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆွေးနွေးပွဲသို့ ဆက်စပ်ဌာနဆိုင်ရာကိုယ်စားလှယ်များ၊ NGO/INGOများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဒေသခံဌာနတိုင်းရင်းသားများနှင့် နိုင်ငံခြားသားကျွမ်းကျင်သူများ စုစုပေါင်း  (၅၀)ဦး   တက်ရောက်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေပြင်ဆင်ပြုစုရေးအတွက် အကျိုးသက်ဆိုင် သူများ၏ အကြံပြုချက်ပြုချက်များကို စုစည်း၍ နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲနိုင်ရန် အတွက် နိုင်ငံခြားသားကျွမ်းကျင်သူများနှင့်အတူ တက်ရောက်လာကြသည့် ကိုယ်စားလှယ် များက ဝိုင်းဝန်းသုံးသပ်ဆွေးနွေး  ဖြည့်စွက် ပြင်ဆင်ခြင်းများ ပြုလုပ်ခဲ့ပါသည်။

 

date: 
Wednesday, November 28, 2018 - 13:00