တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ ကညင်သစ်/ခွဲသား/ခွဲခြမ်း/ ယာဉ်ယန္တရား တို့အားဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၃၆.၃၄၃၀)တန်၊ သစ်မာ(၄၁.၈၉၆၂) တန်၊ အခြား(၁၆၉.၄၉၂၆)တန်၊ စုစုပေါင်း(၂၄၇.၇၃၁၈)တန်၊ တရားခံ(၂၇)ဦး၊ ယာဉ်/ ယန္တရား (၂၁)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းကိုင်းဒေသကြီး၊ မုံရွာ ခရိုင်၊ မုံရွာမြို့နယ်၊ မုံရွာတောင်ဘိနယ်၊ ရတနာပုံကျွန်းကျေးရွာ၏အနောက်တောင် ဘက်(၂)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်ကမ်းအနီး၊ ကိုင်းတောအတွင်း၊ ခမ မပည GV-221320 နေရာတွင် တရားမဝင်ကညင်သစ်/ခွဲသား/ခွဲခြမ်း (၆၈)လုံး/ချောင်း/ခြမ်း (၂၆.၉၃၈၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Monday, December 17, 2018 - 15:45