တရားမဝင်ကျွန်း/ သစ်မာ/ အခြား/ အင်ခွဲသားယာဉ်ယန္တရား တို့အားဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၆၉.၅၈၇၈)တန်၊ သစ်မာ(၉၄.၂၀၈၀) တန်၊ အခြား(၁၂၅.၈၉၁၉)တန်၊ စုစုပေါင်း(၂၈၉.၆၈၇၇)တန်၊ တရားခံ(၃၈)ဦး၊ ယာဉ်/ ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး ခရိုင်၊ ကလေးမြို့နယ်၊ ကျောက္ကာဘိနယ်၊ ကျီကုန်းကျေးရွာအနီး၊ ခမ မပည FA- 162691 တရားမဝင် အင်ခွဲသား (၆၄၈)ချောင်း (၁၈.၆၂၆၈)တန်အား ယာဉ် (၂)စီး၊ တရားခံ (၂)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, January 3, 2019 - 16:00