တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား ၊ စုစုပေါင်း(၂၄၇.၈၈၈၅)တန်၊ ပိတောက်ဓါးရွေ ၊တရားခံ၊ ယာဉ်/ ယန္တရား(၂၇)စီး ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင်ကျွန်း(၆၄.၆၄၈၈)တန်၊ သစ်မာ(၁၀၁.၆၂၈၀) တန်၊ အခြား (၈၁.၆၁၁၇)တန်၊ စုစုပေါင်း(၂၄၇.၈၈၈၅)တန်၊ တရားခံ(၃၂)ဦး၊ ယာဉ်/ ယန္တရား(၂၇)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ သံရွာဘိနယ်၊ တောင်တော်ကျေးရွာအရှေ့ဘက်၊ ရွာငံ-ဟံမြင့်မိုရ်ကား လမ်းဘေး၊ ကွင်းအမှတ်(၂၅၃)၊ ဦးကျော်ဝင်း ပိုင်ခြံဝင်းအတွင်းမှ တရားမဝင် ပိတောက်ဓါးရွေ (၁၄၆)တုံး(၂၁.၃၆၁၄)တန်အား တရားခံ (၁)ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, January 9, 2019 - 14:15