Dr. Woo Shin Lee, Professor, Seoul National University, Republic of Korea မှ လာရောက်တွေ့ဆုံ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၂-၁-၂၀၁၉ ရက်နေ့၊ နံနက် (၁၀:ဝ၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား Dr. Woo Shin Lee, Professor, Seoul National University, Republic of Korea မှ လာရောက်တွေ့ဆုံ၍ ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်၊ ကချင်ပြည်နယ်တွင် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သုတေသနစခန်း ဆောက်လုပ်မည့်ကိစ္စ၊ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ကချင်ပြည်နယ်တွင် NIBR မှ ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်လိုသည့်ကိစ္စ၊ Ulsan University ၏ Colleauge of Medicine သို့မဟုတ် Colleague of Engineering ဖြင့်ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စနှင့် မြန်မာ-ကိုးရီးယား နှစ်နိုင်ငံ ဒုတိယဝန်ကြီးအဆင့် အစည်းအဝေးအား ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် ဘူဆန်မြို့၊ ကိုရီးယားသမ္မတနိုင်ငံတွင် ကျင်းပနိုင်ရေးကိစ္စရပ်များအားရှင်းလင်းဆွေးနွေးခဲ့ပါသည်။

date: 
Tuesday, January 22, 2019 - 15:15