တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား၊ ကညင်သစ်၊ ပျဉ်းကတိုးခွဲသား၊ကျွန်းခွဲသား၊ တရားခံ (၂၉) ဦး ၊ ယာဉ်/ ယန္တရား (၅၅) စီးတို့အားဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၃၉၄.၇၆၅၁)တန်၊ သစ်မာ(၁၂၃.၂၆၆၁)တန်၊ အခြား (၃၆၄.၂၇၃၄)တန်၊ စုစုပေါင်း(၈၈၂.၃၀၄၆) တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၅၅)စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ ကြို့ပင်ဘိနယ်မှ တရားမဝင် ပျဉ်းကတိုးခွဲသား(၇)ချောင်း(၀.၇၃၄၈)တန်၊ ကျွန်းခွဲသား (၇၀၃)ချောင်း (၈၆.၂၅၀၆)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Thursday, January 24, 2019 - 11:00