ကိုရီးယားသမ္မတ နိုင်ငံ၊ Chonnam အမျိုးသားတက္ကသိုလ်မှ မျိုးဆက်သစ်လူငယ်များ၏ သစ်တော သုတေသနအစီအစဉ် (Chonnam National University – Young Forester Research Program)အဖြစ် အထူးသီးသန့်သင်တန်းဖွင့်လှစ်ကျင်းပ

သစ်တောဦးစီးဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ AFoCO Secretariat တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဒေသအဆင့်လေ့ကျင့်ပညာပေးရေး သင်တန်း ကျောင်း (AFoCO RETC)တွင် ၂၀၁၈ ခုနှစ်မှစ၍ သင်တန်းများ ဖွင့်လှစ်ပို့ချ လျက်ရှိပါသည်၊ ၂၀၁၉ ခုနှစ်အတွင်း ဖွင့်လှစ်ပို့ချသွားမည့် သင်တန်းအစီအစဉ်အနက်  ကိုရီးယားသမ္မတ နိုင်ငံ၊ Chonnam အမျိုးသားတက္ကသိုလ်မှ မျိုးဆက်သစ်လူငယ်များ၏ သစ်တော သုတေသနအစီအစဉ် (Chonnam National University – Young Forester Research Program)အဖြစ် အထူးသီးသန့်သင်တန်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ ဖွင့်လှစ်ကျင်းပခဲ့ပါသည်၊သစ်တောရေးရာနယ်ပယ်တွင် လူငယ်ခေါင်းဆောင်များကို ပြုစုပျိုးထောင်ရန်နှင့် သစ်တောကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နိုင်ရေးကို မြှင့်တင်ပေးရန် ရည်ရွယ်လျက် ဤသင်တန်းအစီအစဉ်ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပါသည်၊ကွင်းဆင်းလေ့လာရေး ခရီးစဉ်အဖြစ် မြန်မာ့သစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်း ဧရိယာဖြစ်သော ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ကောလိယကြိုးဝိုင်းရှိ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ကျွန်းစိုက်ခင်းသို့ လည်းကောင်း၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနနှင့် ၎င်း၏ လေ့ကျင့်ရေးသစ်တောသို့ လည်းကောင်း သွား ရောက်လေ့လာခဲ့ကြပါသည်၊ အာရှဒေသအဆင့် သစ်တောကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု လေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း(AFoCO RETC)၏ ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး အစီအစဉ် အရ အခြေခံပညာ ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများအား  ဖိတ်ကြား၍ သစ်တောကဏ္ဍဆိုင်ရာ တိုးချဲ့ပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်၊ အဆိုပါ “ဒေသခံပြည်သူ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေးအစီအစဉ်” (အထူးအစီအစဉ်)၏ ပဉ္စမအကြိမ် အဖြစ် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၃)ရက်နေ့တွင် မှော်ဘီမြို့နယ်၊ မြောင်းတကာကျေးရွာ(အ.ထ.က)မှ ကြီးကြပ်သူ ဆရာ/ ဆရာမ (၁၄)ဦးနှင့် အထက်တန်းနှင့် အလယ်တန်းအဆင့်တို့မှ ကျောင်းသား/ကျောင်းသူ(၁၀၆)ဦး၊ စုစု ပေါင်း (၁၂၀)ဦး လာရောက် လေ့လာခဲ့ပါသည်၊ ပညာပေးအစီအစဉ်အရ ကျောင်းသား/ ကျောင်းသူများသို့ သစ်တောဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်တောများအကြောင်း၊ သစ်တောသစ်ပင်များ အကြောင်း သိကောင်းစရာများ၊ သင်တန်းကျောင်းနှင့်သင်တန်းကျောင်းတွင် ဖွင့်လှစ် ပို့ချလျက် ရှိသည့် သင်တန်းများဆိုင်ရာ သိကောင်းစရာများတို့ကို သင်တန်းကျောင်းမှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ပျိုးဥယျာဉ်နှင့် လေ့ကျင့်ရေးသစ်တောသို့ သွားရောက်လေ့လာစေခဲ့ပါသည်၊ကျောင်းသား/ကျောင်းသူ လူငယ်လေ့လာရေးအဖွဲ့သည် ကိုရီးယားသမ္မတနိုင်ငံ Chonnam National University မှ သင်တန်းသူ/သင်တန်းသားများအား စာသင်ခန်း အတွင်း သင်ခန်းစာပို့ချဆွေးနွေးနေပုံများကို လေ့လာစေခဲ့ပြီး အပြန်အလှန်မိတ်ဆက်ခြင်း၊ သိရှိလိုသည်များ မေးမြန်းခြင်းနှင့် စုပေါင်း၍ အမှတ်တရ သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြပါသည်၊လေ့လာရေးအဖွဲ့အား အမှတ်တရ လက်ဆောင်များ ပေးအပ်ခြင်းနှင့် Chonnam National University မှ သင်တန်းသူ/သင်တန်းသားများနှင့် စုပေါင်း၍ မှတ်တမ်း တင်ဓာတ်ပုံ ရိုက်ကူးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

date: 
Tuesday, January 29, 2019 - 13:45