တရားမဝင်ကျွန်း၊ သစ်မာ၊ ကျွန်းသစ်/ခွဲသား၊ အခြား၊ တရားခံ(၆၆)ဦး၊ ယာဉ်/ယန္တရား(၅၃)စီး ဖမ်းဆီးရမိ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၂၃၂.၈၇၅၂)တန်၊ သစ်မာ(၉၂.၀၁၇၆)တန်၊ အခြား (၂၉၁.၉၂၆၅)တန်၊ စုစုပေါင်း(၆၁၆.၈၁၉၃)တန်၊ တရားခံ(၆၆)ဦး၊ ယာဉ်/ယန္တရား(၅၃)စီး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း မြို့နယ်၊ ခပေါင်းကြိုးဝိုင်း အကွက်အမှတ်(၂၈၊ ၁၅၅၊ ၁၆၂)တို့မှ တရားမဝင် ကျွန်းသစ်/ခွဲသား(၂၁၁၆)လုံး/ချောင်း (၅၆.၁၄၉၂)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, February 6, 2019 - 13:00