မဘိမ်းမြို့နယ်၊ ကွန်းချောင်းကြိုးဝိုင်းအတွင်း တရားမဝင်ကျွန်းသစ်/ခွဲသားများ ဖမ်းဆီးရမိ

၆-၂-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မဘိမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သောအဖွဲ့သည် မဘိမ်းမြို့နယ်၊ ကွန်းချောင်းကြိုးဝိုင်းအတွင်း နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ တရားမဝင်ကျွန်းသစ်/ခွဲသားနှင့် ပိတောက်ခွဲသားစုစုပေါင်း (၄၃၆)လုံး/ချောင်း (၂၄.၃၀၃၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူနိုင်ရေးစီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 8, 2019 - 13:15