ရွှေဘိုမြို့နယ်၊ ဧရာဝတီမြစ်အတွင်း မော်တော်(၃)စီးပေါ်မှ တရားမဝင် သစ်များဖမ်းဆီးရမိ

၄-၂-၂၀၁၉ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘို မြို့နယ်၊ ဧရာဝတီမြစ်အတွင်း၌ မော်တော်(၃)စီးပေါ်မှ တရားမဝင် ကျွန်းသစ်/ လုံးပတ်(၃)ပေအောက် ကျွန်းသစ် စုစုပေါင်း (၁၀.၄၇၂၀)တန်၊ ထင်း (၂.၅၀)တန်နှင့်အတူ တရားခံ (၆)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ကျောက်မြောင်းရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ခြင်းနှင့် ဧရာဝတီမြစ်အတွင်း နယ်မြေရှင်းလင်းရှင်းလင်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင် ရွက်လျက်ရှိပါသည်။

date: 
Friday, February 8, 2019 - 14:15