ပေါက်မြို.နယ်၊ ဗာဂျီးနီးယားဆေးပေါင်းရုံရှေ့တွင်ရပ်တန့်ထားသော ဆီဘောက်ဆာယာဉ်ပေါ်မှ တရားမဝင် ကျွန်းသစ်များ ဖမ်းဆီးရမိ

၈-၂-၂၀၁၉ ရက်နေ့ (၂၀:၄၀) နာရီအချိန်၊ တွင် ပေါက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးပါ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ.ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါက်မြို့၊ အောင်တံခွန်ရပ်ကွက်၊ ဗာဂျီးနီးယားဆေးပေါင်းရုံရှေ့တွင်ရပ်တန့်ထားသော YGN -2A -2115 HINO (၆)ဘီး ဆီဘောက်ဆာယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် တရားမဝင် ကျွန်းသစ်များ (၄၈)ခြမ်း (၂.၂၇၅၂)တန် အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အမှုဖွင့်လှစ်ခဲ့ရာ ရဲစခန်းမှ (ပ)၆၆/၂၀၁၉ဖြင့် လက်ခံဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 11, 2019 - 13:15