နောင်ချိုမြို.နယ်၊ ဘန့်ဘွေးတိုးဂိတ်တွင် ဆီဘောက်ဆာယာဉ်ပေါ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

တရားမဝင်သစ်လုပ်ကိုင်သူများအနေဖြင့် ဆီဘောက်ဆာယာဉ်များဖြင့် ခိုးထုတ်သယ်ဆောင်ခြင်း များ ဆောင်ရွက်နေကြောင်း သတင်းအရ သစ်တောဦးစီးဌာနမှ ကြပ်မတ် ဆောင်ရွက်လျက်ရှိရာ ၈.၂.၂၀၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်တွင်တွင် ဆီဘောက်ဆာယာဉ်အတွင်း မှ တရားမဝင်ကျွန်းခွဲသားများ ဖမ်းဆီးရမိပြီး (၃)ရက်ခန့်အကြာ ယနေ့ ၁၁-၂-၂၀၁၉ ရက်နေ့ (၀၁:၀၀)နာရီအချိန်တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ဘန့်ဘွေးတိုးဂိတ် အနီးတွင် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့မှ ယာဉ်အမှတ်6J/7391 (Nissan diesel ဝါဖြူကြား (၂၂)ဘီး) လောင်စာဆီတင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ဆီတိုင်ကီ အတွင်း တရားမဝင်ပိတောက်ခွဲသားများနှင့်အတူ၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 11, 2019 - 13:30