မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို.နယ် ကျွန်းဦးရွာ/ ဇော်ဂျီကျေးရွာ/ ရွာသစ်ရွာတို့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ ချက်အရ ၆-၂-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးထွန်းလတ် နှင့်သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ.ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ.ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ကျွန်းဦးရွာ၊ ဦးရွင် ၏ ခြံဝင်းအနောက်ဘက်/ စာသင်ကျောင်းအနီး/ ဇော်ဂျီကျေးရွာ သင်္ချိုင်းအနီး/ ရွာသစ်ကျေးရွာ သင်္ချိုင်းအနီး နေရာတို့မှ တရားမဝင် ကျွန်း/အင်ကြင်း/ပျဉ်းကတိုး သစ်/ခွဲသား စုစုပေါင်း (၃၃.၃၂၀၈)တန်၊ ဒိုင်နာကား(၁)စီး၊ ထော်လာဂျီ(၂)စီး၊ ဆိုင်ကယ်(၄)စီး၊ လက်ကိုင်ဖုန်း(၁)လုံး၊ လက်ဆွဲလွှ(၁)လက်၊ သစ်စက်(၄)လုံးနှင့်ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, February 11, 2019 - 13:30