လွိုင်လင်မြို.နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း၊ မိုင်တိုင်(၂၁၁)အနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၅-၂-၂၀၁၉ ရက်နေ့ (၀၆:၁၀)နာရီအချိန်တွင် လွိုင်လင်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်ဌေးနှင့် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးတို့ ဦးဆောင် ပါဝင်သောပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ်၊ နမ့်စန်-ခိုလမ်သွားကားလမ်း မိုင်တိုင်အမှတ်(၂၁၁)အနီးဝန်းကျင်နေရာများရှိ ယာဉ်(၄)စီးပေါ်မှ တရားမဝင် ပိတောက်သစ်လုံး/ဓါးရွေ စုစုပေါင်း (၅၁.၃၇၀၆)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ခိုလမ်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်ထားပါသည်။

date: 
Wednesday, February 13, 2019 - 11:00