ဂန့်ဂေါ်မြို.နယ်၊ အောင်မြင်ကျေးရွာတောင်ဘက်နှင့် ဆောမြို့နယ်၊ လက်မွန်ကျေးရွာ၏ အရှေ့တောင်ဘက် နေရာတို့မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ဂန့်ဂေါခရိုင်အတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းရှာဖွေဖော်ထုတ်ဖမ်းဆီးရေးလုပ်ငန်းအား လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ရာ ၁၂-၂-၂၀၁၉ ရက်နေ့၌ ဂန့်ဂေါမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၁၅၅)ချောင်း (၁၂.၃၂၁၄)တန်နှင့် ဆောမြို့နယ်အတွင်းမှ ပိတောက်ခွဲသား (၃၃)ချောင်း (၂.၆၀၇၂)တန်၊ စုစုပေါင်း ပိတောက်ခွဲသားဆိုဒ်စုံ (၁၈၈)ချောင်း (၁၄.၉၂၈၆)တန် ဖမ်းဆီးရမိခဲ့ပါသည်။

date: 
Wednesday, February 13, 2019 - 11:45