ကံမမြို.နယ်၊ ပုသိမ်-မုံရွာကားလမ်းအနီးမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၈-၂-၂၀၁၉ ရက်နေ့(၂၂:၃၀)နာရီအချိန်တွင် ကံမမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးတင့် ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကံမမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာ မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ပုသိမ်-မုံရွာကားလမ်း အရှေ့ဘက်(၃)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်းခွဲသား (၇၃)ချောင်း (၉.၀၆၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Thursday, February 14, 2019 - 10:45