သာပေါင်းမြို.နယ်၊ လှေကြီးတက်အုပ်စု၊ ဘုရားဦးပေါက်ရွာထိပ်မှ တရားမဝင် သစ်များ ဖမ်းဆီးရမိ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်အရ ၁၀-၂-၂၀၁၉ ရက်နေ့တွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးသက်ဇော်ဦး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် သာပေါင်းမြို့နယ်၊ လှေကြီးတက်အုပ်စု၊ ဘုရားဦးပေါက်ရွာထိပ်၌ တရားမဝင် တောင်သရက်ခွဲသား (၁၈)ချောင်း (၅.၃၀၂၀)တန်နှင့်အတူ တရားခံ (၇)ဦးအား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သာပေါင်းမြို့မရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက်ရှိပါသည်။

date: 
Thursday, February 14, 2019 - 11:15