ကသာမြို.နယ်၊ ဆင်ကုန်တိုင်ရွာအနောက်ဘက်၊ ရေနီကျေးရွာမြောက်ဘက်နှင့် မြောက်မိုးတားကြိုးဝိုင်း အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့၊ ကသာခရိုင်၊ ကသာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဆင်ကုန်တိုင်ရွာအနောက်ဘက်၊ ရေနီကျေးရွာမြောက်ဘက်နှင့် မြောက်မိုးတားကြိုးဝိုင်းအကွက်(၂၉)အတွင်း မှ တရားမဝင် ကညင်သစ် (၂၂)လုံး (၆၅.၁၁၂၀) တန်၊ တရားခံ (၁)ဦးနှင့်အတူ အင်ဂျင်(၁)လုံး၊ လွှဝိုင်း(၁) ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 15, 2019 - 12:00