ဘုတ်ပြင်းမြို.နယ်၊ ဘိုလဲကျွန်းအနီး၊ တောင်ဟင်းအိုးချောင်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ ပြည်သူစစ်အဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ဘိုလဲကျွန်းအနီး၊ တောင်ဟင်း အိုးချောင်းအတွင်း စက်လှေ(၁)စီးပေါ်မှ တရားမဝင် ကညင်/ရှစ်ခေါ/တောင်သရက်/ကတွက်/ သစ်တို/ ကံကော် သစ်/ခွဲသား စုစုပေါင်း (၈၁)လုံး/ချောင်း (၅၀.၈၄၁၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံ များအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 15, 2019 - 12:15