ပြင်ဦးလွင်ခရိုင်၊ တကောင်း(၁)ဘိနယ်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့၊ ပြင်ဦးလွင်ခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့နှင့် မူခင်းကူညီမှုပရဟိတအဖွဲ့တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် သပိတ်ကျင်း မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဝဲကြီးရွာ၏ တောင်ဘက် (၁)မိုင်ခန့်အကွာ၊ ကျောက်ပေါက်ချောင်းဝ ယာခင်းတောစပ်၊ ပေါ်တော်မူကျေးရွာ၏ အရှေ့တောင်ဘက်(၄) ဖာလုံခန့်အကွာနှင့် (၇)မိုင် တကောင်း ကားလမ်း အနောက်ဘက်(၁)မိုင်ကွာဝဲကြီးရွာ၏အရှေ့ဘက်နေရာတို့မှ တရားမဝင် ကျွန်း/ပျဉ်ကတိုး စုစုပေါင်း (၂၄.၄၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 15, 2019 - 12:15