မြန်အောင်မြို.နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ ညောင်မြစ်ဆွဲအုပ်စုနှင့် အမှတ်(၄)ရပ်ကွက်အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် သာသနာရေးဦးစီးဌာနအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းအုပ်စု၊ ဘာဝနာရွာ၊ ဘာဝနာ ဘုန်းကြီးကျောင်းဝင်း၊ ညောင်မြစ်ဆွဲအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ဇေယျသုခဇီးကန်ဘုန်းကြီးကျောင်းဝင်း၊ ကြာနီကန်ကျောင်း တိုက်ကြီးလမ်း၊ အမှတ်(၄)ရပ်ကွက်နေ ဒေါ်ဌေးရီ၏နေအိမ်ခြံဝန်းအတွင်းနှင့် ရန်နိုင်အေး (၅)လမ်း၊ အမှတ်(၄)ရပ်ကွက်နေ ဦးကျော်ထွန်းအောင်၏ နေအိမ်ခြံဝန်းအတွင်းတို့မှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/ ထောက်ကြံ့/အင်/လုံးပတ်၃ပေအောက် သစ်/ခွဲသား စုစုပေါင်း (၈.၄၀၃၈)တန်နှင့်အတူ တရားခံ (၅)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး မြန်အောင်မြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Friday, February 15, 2019 - 12:15