ထီးချိုင့်မြို.နယ်၊ ဆူးပုတ်ကုန်းရွာအနီးမှ တရားမဝင်သစ်နှင့်သစ်စက် ဖမ်းဆီးရမိ

၁၃-၂-၂၀၁၉ ရက်နေ့တွင် ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိများ ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ထီးချိုင့် မြို့နယ်၊ ဆူးပုတ်ကုန်းရွာအနောက်နေရာများမှ တရားမဝင် ကျွန်း/အင်ကြင်း သစ်လုံး/ခွဲသားစုစုပေါင်း (၂၇၃)လုံး/ချောင်း (၁၄.၇၀၈၂)တန်၊ အင်ဂျင်(၂)လုံး၊ လွှဝိုင်း(၂)ဝိုင်းနှင့်ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Monday, February 18, 2019 - 13:30