မိုးမိတ်မြို့နယ်၊ မိုင်းနင်းကျေးရွာအနီး တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ

၁၆.၂.၂၀၁၉ရက်နေ့၊(၁၅း၀၀) အချိန်တွင် မိုးမိတ်မြို့နယ်အတွင်း ခလရ(၃၄၈)တပ်နှင့် သစ်တောဝန်ထမ်း များပါဝင်သောပူးပေါင်းအဖွဲ့မှ မိုင်းနင်း ကျေးရွာ၏အရှေ့တောင်ဘက် (၄)မိုင်ခန့်အကွာနေရာတွင်- ကျွန်းသစ်/ခွဲသား (၁၁၇)လုံး/ချောင်း၊ (၁၂.၇၁၁၀)တန်နှင့် တရုတ်အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ ဖမ်းဆီးရမိပစ္စည်းများအား လုံခြုံရာသို့ သယ်ယူခြင်းနှင့် တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 18, 2019 - 13:30