လှည်းကူးမြို့နယ်၊ တရားမဝင်ကျွန်းခွဲသားများတင်ဆောင်လာသော ကားတစ်စီး ဖမ်းဆီးရမိ

လှည်းကူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများနှင့် သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအားအသုံးပြု၍ ရန်ကုန်မြို့တွင်းသို့ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၁၇.၂.၂၀၁၉ ရက်နေ့(၀၉:၂၇)နာရီအချိန်၌ အမြန်လမ်းမိုင်တိုင်အမှတ်(၂၀/၃)နှင့် (၂၀/၄)ကြား၌ တရားမဝင်ကျွန်းခွဲသား (၃၆)ချောင်း (၄.၁၅၈၆)တန် တင်ဆောင်ထားသော 1M/8751 Canter ၆ဘီး အဖြူရောင်တစ်စီးအား ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်တင်ယာဉ်များအား ဖမ်းဆီးရာ တွင် အခြားယာဉ်များမှ ဖမ်းဆီးရေးယာဉ်များအား လိုက်လံနှောက်ယှက်ခြင်း၊ ရန်ကုန်ပြုတိုက်ခိုက်ခြင်း၊ တရားခံထွက်ပြေးခြင်းများ မကြာခဏဖြစ်ပေါ်နေ၍ သက်ဆိုင်ရာဆက်စပ်အဖွဲ့အစည်းများ၏ ပိုမိုပူးပေါင်း ပါဝင်မှုဖြင့် လုံခြုံရေးဂရုစိုက်ဆောင်ရွက်နိုင်စေရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Monday, February 18, 2019 - 15:30