ဖားဆောင်မြို့နယ်၊ ဗဟန်းလော့ကျေးရွာအနီးတွင် တရားမဝင်သစ်များ ဖမ်းဆီးရမိ

၁၇.၂.၂၀၁၉ ရက်နေ့တွင် ဖားဆောင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့သစ်လုပ်ငန်းမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဖားဆောင်းမြို့နယ်၊ ဗဟန်းလော့ကျေးရွာတောင်ဘက် (၁.၅)မိုင်ခန့်အကွာနေရာမှ တရားမဝင် ကျွန်းသစ်/ပိတောက်သစ် (၄၉)လုံး (၉.၂၄၈၂)တန် အားပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

date: 
Wednesday, February 20, 2019 - 10:15