မဘိမ်းမြို.နယ်၊ ကွန်းချောင်းကြိုးဝိုင်း/ ကြိုးပြင်(IX) တို့မှ တရားမဝင် ကျွန်းသစ်လုံးများ ဖမ်းဆီးရမိ

၁၈.၂.၂၀၁၉ရက်နေ့၊ (၁၅း၃၀)နာရီတွင် ကျောက်မဲခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်းကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့မှ မဘိမ်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကွန်းချောင်းကြိုးဝိုင်း/ ကြိုးပြင်(IX) တို့မှ တရားမဝင် ကျွန်းသစ်လုံး စုစုပေါင်း (၇၅)လုံး (၁၃.၉၀၂)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 20, 2019 - 10:15