မဟာအောင်မြေမြို.နယ်၊ ထွန်တုံးရပ်ကွက်ရှိ ပြန်စိတ်စက်ဝန်းအတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၁၈.၂.၂၀၁၉ရက်နေ့၊ (၁၂:၄၅)နာရီတွင် မဟာအောင်မြေမြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၁လမ်းနှင့် အောင်ရတနာလမ်းထောင့်၊ အကွက်အမှတ် ဇ-၂၇/၃၂+၃၃ ရှိ ဦးဇော်မင်းထွန်း ၏ အိမ်တွင်းစက်မှုလက်မှု(သ/မ)ပြန်စိတ်စက်ဝန်းအတွင်းမှ တရားမဝင် ပိတောက်ခွဲသား/ပိတောက်ချပ်/ ယင်းတိုက်ခွဲသား စုစုပေါင်း(၇၈၈)ချောင်း/ချပ် (၁၀.၆၁၇၈)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

date: 
Wednesday, February 20, 2019 - 10:30